ကျွန်ပ်တို့လုပ်ငန်စဉ်

Unicode:

၁။ စာပေဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဘာသာစကားနှင့်ဆိုင်သော ကွင်းဆင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ သုတေသနစာတမ်းပြုစုရေးသား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ရန်။

၂။ မြန်မာနိုင်ငံ၏ နိုင်ငံသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို တိုင်းရင်းသားလူမျိုးများ အလွယ်တကူ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်လာနိုင်စေရန်အတွက် မိခင်ဘာသာစကား အခြေခံသော သင်ကြားရေးမှ မြန်မာစာသင်ကြာရေးကို ပေါင်းကူးပေးနိုင်သော သင်ကြားနည်းများကို တိုင်းရင်းသားလူမျိုးများ ကိုယ်တိုင်ဖန်တီးနိုင်စေရန် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများပေးရန်။

၃။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အခြားဘာသာစကားများကို တိုင်းရင်းသားလူမျိုးများ အလွယ်တကူ လေ့လာနိုင်စေရန်အတွက် မိခင်ဘာသာစကားကိုအခြေခံသည့် အဘိဓာန်နှင့် အခြားစာအုပ် စာပေများကို တိုင်းရင်းသားလူမျိုးများကိုယ်တိုင် ရေးသားပြုစုနိုင်စေရန် အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးရန်။

၄။ စာပေရေးသားရန်အတွက် အက္ခရာနှင့်သတ်ပုံသတ်ညွှန်း မရှိသေးသော တိုင်းရင်းသား ဘာသာစကားများအတွက် လိုအပ်ပါက အက္ခရာနှင့်သတ်ပုံသတ်ညွှန်းကို ဒေသခံများ ကိုယ်တိုင် တီထွင်နိုင်စေရန် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန်။

၅။ စာပေဖွံ့ဖြိုးမှုနှင့် စာတတ်မြောက်ရေးလုပ်ငန်းများကို ဒေသခံစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက လုပ်ဆောင်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးရန်။

၆။ ဘာသာစကားနှင့်ဆိုင်သောသင်တန်းများကို အဓိကအားဖြင့် ပြည်တွင်းမှ ပညာရှင်များဖြင့် ပို့ချရန်လိုအပ်ပါက ပြည်ပမှပညာရှင်များ၊ အဖွဲ့အစည်းများ၊ အကြံပေးပုဂ္ဂိုလ်များ ကိုလည်း ဖိတ်ခေါ်၍ ပို့ချရန်။

၇။ ဘာသာဗေဒနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများတွင်ပါဝင်ရန်။

၈။ မိခင်ဘာသာစကားဖြင့် စာအုပ်စာပေများကို ရေးသားထုတ်ဝေရာတွင် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးရန်။

၉။ ဘာသာဗေဒနှင့်ပတ်သက်သောစာပေများ၊ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သော စာပေများ၊ အသိအလိမ္မာနှင့် ဗဟုသုတတိုးပွားစေသောစာပေများကို ရေးသားပြုစုခြင်း၊ ဘာသာပြန် ခြင်း၊ ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ရန်။

Zawgyi:

၁။ စာေပဖြံ့ၿဖိဳးမွုလုပ္ငန္းမ်ားကို ေဆာင္ရြက္နိုင္ရန္အတြက္ ဘာသာစကားႏွင့္ဆိုင္ေသာ ကြင္းဆင္း သုေတသနလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း၊ သုေတသနစာတမ္းျပဳစုေရးသား မွတ္တမ္းတင္ျခင္းတို႔ကို ေဆာင္ရြက္ရန္။

၂။ ျမန္မာနိုင္ငံ၏ နိုင္ငံသုံးဘာသာစကားျဖစ္သည့္ ျမန္မာစကားကို တိုင္းရင္းသားလူမ်ိဳးမ်ား အလြယ္တကူ ေရးတတ္၊ ဖတ္တတ္၊ ေျပာတတ္လာနိုင္ေစရန္အတြက္ မိခင္ဘာသာစကား အေျခခံေသာ သင္ၾကားေရးမွ ျမန္မာစာသင္ၾကာေရးကို ေပါင္းကူးေပးနိုင္ေသာ သင္ၾကားနည္းမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ား ကိုယ္တိုင္ဖန္တီးနိုင္ေစရန္ နည္းပညာပိုင္း ဆိုင္ရာ အကူအညီမ်ားေပးရန္။

၃။ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အျခားဘာသာစကားမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ား အလြယ္တကူ ေလ့လာနိုင္ေစရန္အတြက္ မိခင္ဘာသာစကားကိုအေျခခံသည့္ အဘိဓာန္ႏွင့္ အျခားစာအုပ္ စာေပမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ားကိုယ္တိုင္ ေရးသားျပဳစုနိုင္ေစရန္ အတြက္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ားေပးရန္။

၄။ စာေပေရးသားရန္အတြက္ အကၡရာႏွင့္သတ္ပုံသတ္ညႊန္း မရွိေသးေသာ တိုင္းရင္းသား ဘာသာစကားမ်ားအတြက္ လိုအပ္ပါက အကၡရာႏွင့္သတ္ပုံသတ္ညႊန္းကို ေဒသခံမ်ား ကိုယ္တိုင္ တီထြင္နိုင္ေစရန္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ား ပံ့ပိုးေပးရန္။

၅။ စာေပဖြံ့ၿဖိဳးမွုႏွင့္ စာတတ္ေျမာက္ေရးလုပ္ငန္းမ်ားကို ေဒသခံစာေပႏွင့္ ယဥ္ေက်းမွု အဖြဲ႕မ်ားက လုပ္ေဆာင္ရာတြင္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ားေပးရန္။

၆။ ဘာသာစကားႏွင့္ဆိုင္ေသာသင္တန္းမ်ားကို အဓိကအားျဖင့္ ျပည္တြင္းမွ ပညာရွင္မ်ားျဖင့္ ပို႔ခ်ရန္လိုအပ္ပါက ျပည္ပမွပညာရွင္မ်ား၊ အဖြဲ႕အစည္းမ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား ကိုလည္း ဖိတ္ေခၚ၍ ပို႔ခ်ရန္။

၇။ ဘာသာေဗဒႏွင့္ပတ္သက္ေသာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ႏွီးေႏွာဖလွယ္ပြဲမ်ား၊ သုေတသန စာတမ္းဖတ္ပြဲမ်ားတြင္ပါဝင္ရန္။

၈။ မိခင္ဘာသာစကားျဖင့္ စာအုပ္စာေပမ်ားကို ေရးသားထုတ္ေဝရာတြင္ နည္းပညာပိုင္း ဆိုင္ရာ အကူအညီမ်ား ေပးရန္။

၉။ ဘာသာေဗဒႏွင့္ပတ္သက္ေသာစာေပမ်ား၊ ရိုးရာယဥ္ေက်းမွုႏွင့္ပတ္သက္ေသာ စာေပမ်ား၊ အသိအလိမၼာႏွင့္ ဗဟုသုတတိုးပြားေစေသာစာေပမ်ားကို ေရးသားျပဳစုျခင္း၊ ဘာသာျပန္ ျခင္း၊ ထုတ္ေဝျခင္းတို႔ကို ေဆာင္ရြက္ရန္။

ဆက်လက် လေ့လာရန် facebook.com/lsdomyanmar