ကျွန်ပ်တို့အကြောင်း

Zawgyi:



Unicode:

ဘာသာစကားနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့်အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့၏မျှော်မှန်းချက်မှာ လူမျိုးနွယ်စုများသည် မိမိတို့၏စာပေနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားအသုံးပြုခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည်။ အဖွဲ့သည် လူမျိုးစုများအား မိမိတို့၏ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပညာရေးအခွင့်အလမ်းများ ဖွံ့ဖြိုးလာနိုင်ရန် စွမ်းရည်မြှင့်တင်ပေးပါသည်။

ဘာသာစကားနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်တွင်း အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ခွင့်ပြုထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

ဆက်လက် လေ့လာရန် facebook.com/lsdomyanmar